ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်ဆောင်ရွက်လိုသည့် စီးပွားရေးလုပ်ငန်းရှင် များအတွက် ဝင်ပေါက်သဖွယ်ဖြစ်ပါသည်။ နိုင်ငံတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်မှု ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲမှုများနှင့်အညီ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ် နည်းများ ပြောင်းလဲကျင့်သုံး ဆောင်ရွက်ခဲ့ပါသည်။ ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ချက်များတွင် ဤဦးစီးဌာန အနေဖြင့် နိုင်ငံတော်မူဝါဒများနှင့် လျော်ညီစွာ ပြောင်းလဲလုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုဌာနတစ်ခုအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ကချင်ပြည်နယ်ဦးစီးမှူးရုံးသမိုင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ယာယီရုံးအဖြစ်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် ကမ်းနားလမ်း၊ ဇော်ဂျွန်းလမ်းနှင့် ဆမားလမ်းထောင့်၊ မြို့မရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင် ပြည်နယ်တွင် ပြည်နယ်ဦးစီးမှူးရုံး အခြေစိုက်ရုံးအဖြစ်လည်းကောင်း၊ ကချင်ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီရုံးအဖြစ်လည်းကောင်း ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ဒေသအတွင်း ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအားကောင်းလာစေရန်နှင့် ကုမ္ပဏီဆိုင်ရာကိစ္စရပ်များကို အများပြည်သူ သိရှိ နားလည်စေရန် ရှင်းလင်းဆွေးနွေး ဆောင်ရွက်ပေးလျက်ရှိပါသည်။
- ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင်လာစေရန်
- ပုဂ္ဂလိက စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းကို အားပေးရန်
- ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ရန်
အဖွဲ့အစည်းတည်ထောင်ဆောင်ရွက်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံ မူဘောင်များအား ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်
D – Dutiful (တာဝန်ကျေပွန်ခြင်း)
I – Industrious (လုံ့လဝီရိယရှိခြင်း)
C – Capable (စွမ်းဆောင်ရည်ပြည့်ဝခြင်း)
A – Accountable (တာဝန်ခံမှုရှိခြင်း)
ဒါကို DICA ဟုခေါ်သည်။
