ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ သန်းနှင့်အောက် သို့မဟုတ် မြန်မာကျပ်ငွေ ကျပ်သန်း ၆၀၀၀နှင့်အောက် တန်ဖိုးရှိသောလုပ်ငန်းအတွက် MIC (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသို့ အတည်ပြုမိန့် ရရှိရန် တင်ပြလျှောက်ထားနိုင်သည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစား ပေါ်မူတည်၍ လုပ်ထုံးလုပ်နည်း အနည်းငယ် ကွဲလွဲနိုင်သော်လည်း အောက်ဖော်ပြပါအဆင့်များမှာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာလျှောက်ထားလွှာများတင်ပြရာတွင် လိုက်နာဆောင်ရွက်ရမည့်အဆင့်များဖြစ်သည်။
