ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် မလိခခန်းမ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍတွင် ၁၁၄၆၉.၅ ကျပ်သန်း ရင်းနှီးမြှုပ်နှံမည့် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြနိုင်ရေး ဆွေးနွေးခဲ့ပါသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂၂၈ ခု ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။







