ခွင့်ပြုမိန့်/အတည်ပြုမိန့် ရရှိခဲ့ပြီးနောက်ဆောင်ရွက်ရန်ကိစ္စများ
အောက်တွင်ဖော်ပြထားသည့် ဆောင်ရွက်ရန်ကိစ္စများသည် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ရရှိထားသည့် လုပ်ငန်း/ ကုမ္ပဏီများနှင့်သာ သက်ဆိုင်ပါသည်။ ခွင့်ပြုမိန့်ရရှိပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် အသေးစိတ်အချက်အလက်များကို ခေါင်းစဉ်ငယ်များအလိုက် အောက်တွင် ဖော်ပြထားပါသည်။
ရင်းနှီးမြှုပ်နှံမှု ပမာဏ ပြောင်းလဲခြင်း (ဥပဒေပုဒ်မ ၇၇ (ဃ) နှင့် နည်းဥပဒေ ၈၄၊ ၉၁(ဃ)၊ ၁၀၄)
- လျှောက်ထားသည့်စာ(ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရခြင်းအကြောင်း၊ မူလရင်းနှီး မြှုပ်နှံမှု ပမာဏ၊ တိုးမြှင့်လိုသည့်ပမာဏနှင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ)
- ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက်
- ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရာတွင် စက်ပစ္စည်းကိရိယာများတင်သွင်းလိုပါက တင်သွင်းမည့် စက်ပစ္စည်းကိရိယာစာရင်းကို ပူးတွဲတင်ပြရမည်။- (ရင်းနှီးမြှုပ်နှံမှု လျော့ချရန် တင်ပြသည့် လုပ်ငန်းရှင်များအတွက် ကျန်ရှိမည့် စက်ပစ္စည်းစာရင်းကို တင်ပြရန်)
- ချေးငွေသဘောတူညီမှု မူကြမ်း (ရင်းနှီးမြှုပ်နှံသူက ရင်းနှီးမြှုပ်နှံမှုကို ချေးငွေနှင့်တိုးမြှင့်လိုလျှင်)
- ခွင့်ပြုမိန့်/အတည်ပြုမိန့် မိတ္တူ
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ
ခွင့်ပြုမိန့်ကိုပြင်ဆင်ရန်လျှောက်ထားသည့် ဝန်ဆောင်စရိတ်နှုန်းထားမှာ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ဖြစ်သည်။ (မူလအဆိုပြု မတည်ရင်းနှီးမြှုပ်နှံမှု၏ ၈၀ ရာခိုင်နှုန်းထည့်ဝင်ပြီးကြောင်း အထောက်အထား တင်ပြရမည်။)
လုပ်ငန်းတိုးချဲ့ခြင်း (လုပ်ငန်းအမျိုးအစား) (ဥပဒေပုဒ်မ ၇၇(ဃ) နှင့် နည်းဥပဒေ ၈၄,၉၁(ဃ),၁၀၄)
- လျှောက်ထားသည့်စာ (လုပ်ငန်းတိုးချဲ့ရသည့် အကြောင်းရင်းကို တိကျစွာ ဖော်ပြရန်)
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- လုပ်ငန်းအမျိုးအစားတိုးချဲ့ခြင်းကြောင့် မတည်ငွေရင်းပမာဏတိုး/မတိုး။
- ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ပြီး စက်ပစ္စည်းများ တင်သွင်းလိုပါက တင်သွင်းမည့် စက်ပစ္စည်းစာရင်း။
- လုပ်ငန်းအမျိုးအစားတိုးချဲ့ခြင်းကြောင့် ထုတ်ကုန်တိုးမြှင့်ခြင်းရှိ/မရှိ၊ ကုန်ကြမ်း တိုးမြှင့်ခြင်း ရှိ/မရှိ၊ ဝန်ထမ်းအင်အား တိုးမြှင့်ခြင်း ရှိ/မရှိ၊ လုပ်ငန်းတည်နေရာ တိုးချဲ့ ခြင်း ရှိ/မရှိ ပြည့်စုံစွာ တင်ပြရန်။
- ချေးငွေဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လိုပါက ချေးငွေစာချုပ် (မိတ္တူ)
- တင်သွင်းပြီးစက်ပစ္စည်းစာရင်း Balance (ကော်မရှင်ခွင့်ပြုစာအမှတ်၊ ID အမှတ်များ ပြည့်စုံစွာ စာရင်းပြုစုပေးရန်)
- ကိုယ်စားလှယ်လွှဲစာ (အမည်၊ မှတ်ပုံတင်နံပါတ်၊ လက်မှတ်၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ
(မူလအဆိုပြုထားသည့် ရင်းနှီးမြှုပ်နှံမှု၏ 80% ပြီးမှသာ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးချဲ့ခွင့်ပြုပါသည်။)
ခွင့်ပြုမိန့်ကိုပြင်ဆင်ရန်လျှောက်ထားသည့် ဝန်ဆောင်စရိတ်နှုန်းထားမှာ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ဖြစ်သည်။
ချေးငွေခွင့်ပြုချက်(ဥပဒေပုဒ်မ-၅၇)
- လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာကို ဖော်ပြထားသည့်)
- မူလမတည်ငွေရင်း ထည့်ဝင်ပြီးစီးမှုအခြေအနေ
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- ချေးငွေသဘောတူညီမှုစာချုပ် (ပြန်လည် ပေးဆပ်ရမည့် အစီအစဉ်နှင့်ငွေပမာဏကို ပူးတွဲတင်ပြရန်)
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူမှ ချေးငွေရယူခြင်းဖြစ်ပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်( ဥပဒေပုဒ်မ ၅၇)
ချေးငွေပြင်ဆင်ချက်(နည်းဥပဒေ-၁၇၅၊၁၇၇)
- လျှောက်ထားသည့်စာ
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- အဆိုပြုချက်ပါချေးငွေပြင်ဆင်ချက်အသေးစိတ်
- ပြင်ဆင်ချေးငွေစာချုပ် မူကြမ်း( ပြန်လည်ပေးဆပ်မည့်အစီအစဉ် )
- ထည့်ဝင်ပြီး မတည်ငွေရင်း (ဘဏ်အထောက်အထားပူးတွဲ၍)
- ကိုယ်စားလှယ်လွှဲစာ (အမည်၊ မှတ်ပုံတင်နံပါတ်၊ လက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ
အစုရှယ်ယာ လွှဲပြောင်းအပ်နှံခြင်း (တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံး) ဥပဒေပုဒ်မ ၇၂၊ နည်းဥပဒေ ၁၉၁၊ ၁၉၃
- လျှောက်ထားသည့်စာ
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- အစုရှယ်ယာဝင်များ စာရင်း နှင့် ဒါရိုက်တာ စာရင်း
- အစုရှယ်ယာလွှဲပြောင်းခြင်း၊ ပုံစံ (၈) နှင့်ပူးတွဲတင်ပြရမည်
- အခွန်ကင်းရှင်းကြောင်းထောက်ခံချက်စာ
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ
- အစုရှယ်ယာအချိုး (မူလ၊ယခု)
ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ အကျိုးအမြတ်များကို ပြန်လည်ရင်းနှီးမြှုပ်နှံလိုပါက အောက်ပါစာရွက်စာတမ်းများနှင့်အတူ ပူးတွဲပါရှိသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူရန် လိုအပ်ပါသည်။
- လျှောက်ထားသည့်စာ
- အမြတ်ငွေရရှိသည့်ဘဏ္ဍာနှစ်/ပြန်လည်ရင်းနှီးမြှုပ်နှံလိုသည့်ဘဏ္ဍာနှစ်
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- စာရင်းစစ် အစီရင်ခံစာ
- အခွန်ကင်းရှင်းကြောင်းထောက်ခံချက်စာ
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ
အမြတ်ငွေအား ပြန်လည် ရင်းနှီးမြှုပ်နှံခြင်း (ဥပဒေ-၇၈ (က)၊ နည်းဥပဒေ-၉၉)
- လျှောက်ထားသည့်စာ
- အမြတ်ငွေရရှိသည့်ဘဏ္ဍာနှစ်/ပြန်လည်ရင်းနှီးမြှုပ်နှံလိုသည့်ဘဏ္ဍာနှစ်
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- စာရင်းစစ် အစီရင်ခံစာ
- အခွန်ကင်းရှင်းကြောင်းထောက်ခံချက်စာ
- MIC ခွင့်ပြုမိန့် မိတ္တူ
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
နိုင်ငံခြားငွေအား လွှဲပြောင်းခြင်း (အစုရှယ်ယာ၊ အစုပေါ်အမြတ် (dividend)၊ အမြတ် မူရင်းနိုင်ငံသို့ အစုရှယ်ယာ ပြန်လည်ပေးပို့ခြင်း) ဥပဒေပုဒ်မ- ၅၆(ခ)၊ ၅၉
- လျှောက်ထားသည့်စာ
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- စာရင်းစစ် အစီရင်ခံစာ
- ဘဏ်လက်ကျန်စာရင်း (ဘဏ်အမည်)
- ပုံစံ ( ၁၃) (ဘဏ္ဍာငွေလွှဲပြောင်းသည့် ပုံစံ)
- အခွန်ကင်းရှင်းကြောင်းထောက်ခံချက်စာ
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ
ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုထားသည့် မြေနှင့် အဆောက်အအုံ အပေါင်ထားခြင်း (ဥပဒေပုဒ်မ-၇၂၊ နည်းဥပဒေ-၁၉၈)
- လျှောက်ထားသည့်စာ (အကြောင်းရင်းကိုဖော်ပြရန်)
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- အပေါင်သဘောတူစာချုပ် (မူကြမ်း) (အစိုးရဌာနများအတွက်မူ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ထောက်ခံချက်ကို ပူးတွဲဖော်ပြရန်)
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ
စက်ပစ္စည်းကိရိယာများ တင်သွင်းခြင်း ဥပဒေပုဒ်မ-၇၇(က)၊ နည်းဥပဒေ-၉၃(က),၁၀၉
- လျှောက်ထားသည့်စာ
- ကြိုတင်ကုန်ပို့လွှာ
- အရောင်းစာချုပ်
- သက်ဆိုင်ရာ၀န်ကြီးဌာနထောက်ခံချက် (လိုအပ်လျှင်)
- စက်ပစ္စည်းလက်ကျန်စာရင်း
- မူရင်းအဆိုပြုချက် မိတ္တူ (စက်ပစ္စည်းကိရိယာများ၊ အစိတ်အပိုင်းများ အပိုပစ္စည်းများနှင့်အခြား၊ ပစ္စည်းများတင်သွင်းရန်
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ကုန်ကြမ်းများတင်သွင်းခြင်း (ဥပဒေ ပုဒ်မ-၇၇ (က)၊ နည်းဥပဒေ-၉၃(က)၊ ၁၀၉)
- လျှောက်ထားသည့်စာ (ကနဦးကုန်ကြမ်း သို့မဟုတ်နှစ်စဉ်ကုန်ကြမ်းဖော်ပြရန်)
- Proforma invoice ငွေတောင်းခံစာ
- အရောင်းစာချုပ်
- တည်ဆောက်ပြီးစီးမှုအခြေအနေ
- တင်သွင်းပြီးကုန်ကြမ်းစာရင်း
- MIC ခွင့်ပြုမိန့် မိတ္တူ
- မူရင်းအဆိုပြုချက် မိတ္တူ (ကုန်ကြမ်းများတင်သွင်းရန် လျှောက်ထားမှုနှင့်သက်ဆိုင်သည့် စာရင်းစာမျက်နှာကို ပူးတွဲတင်ပြရမည်။)
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ကုန်တင်သွင်းမှုအတွက် ထောက်ခံချက်စာကို ထုတ်ပေးခြင်း (နည်းဥပဒေ- ၁၇၇)
- လျှောက်ထားသည့်စာ
- Proforma invoice ငွေတောင်းခံစာ
- ကုန်ကြမ်းတင်သွင်းခဲ့သည့် လိုင်စင်၊ သွင်းကုန်ကြေငြာလွှ
- ထည့်ဝင်ပြီး မတည်ငွေရင်း (ငွေသား၊ စက်ပစ္စည်းစာရင်း)
- တင်ပို့မည့် ကုန်ပစ္စည်း Invoic
- ကိုယ်စားလှယ်လွှဲစာ (အမည်၊ မှတ်ပုံတင်နံပါတ်၊ လက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
စီးပွားရေးလုပ်ငန်း စတင်ဆောက်ရွက်သည့်နေ့ကို အတည်ပြုချက်ထုတ်ပေးခြင်း (ဥပဒေပုဒ်မ-၇၅(က)၊ နည်းဥပဒေ-၉၃(က),၉၆,၁၄၆)
- လျှောက်ထားသည့်စာ
- ပုံစံ (၁၄ )
- မတည်ငွေရင်း ထည့်ဝင်ပြီးစီးမှု အခြေအန
- ပြည်ပသို့တင်ပို့သည့် ကုန်ထုတ်လုပ်ငန်းဖြစ်ပါက Bill of Lading (BL) သို့မဟုတ် Export Declaration (ED) သို့မဟုတ် နိုင်ငံတကာကုန်သွယ်ရာတွင် ကုန်ပစ္စည်း အများအပြား ထုတ်လုပ်သော စီးပွားရေး လုပ်ငန်းများ ကုန်တင်ပို့ရာတွင် အသုံးပြုသည့် အလားတူ စာရွက်စာတမ်းအထာက်အထားမျာ
- ကုမ္ပဏီက ပြည်တွင်းတွင်သာ ရောင်းချလျှင် ကုန်ပစ္စည်းထုတ်လုပ်ပြီး ပြည်တွင်း အရောင်း မှ စီးပွားဖြစ် ဝင်ငွေရရှိသည့်နေ့ကို တင်ပြရန် (ဝင်ငွေရရှိသည့် အထောက်အထား ဖြစ်ပါက ပူးတွဲတင်ပြရန်)
- ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါက လုပ်ငန်း စတင်ဖွင့်လှစ်သည့်နေ့
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
တည်ဆောက်မှုကာလအား တိုးမြှင့်ခြင်း (နည်းဥပဒေ-၁၄၁,၁၄၂)
- လျှောက်ထားသည့်စာ (အကြောင်အရင်း အသေးစိတ်ဖော်ပြရန်) (ပြီးစီးမှုရာခိုင်နှုန်း ထည့်သွင်းရန်)
- လက်ရှိ တည်ဆောက်ပြီးစီးမှု (ဓါတ်ပုံ မိတ္တူတင်ပြရန်)
- မူလမတည်ငွေရင်း ထည့်ဝင်ပြီးစီးမှုအခြေအနေ
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ပါမစ် ပြင်ဆင်ခြင်း ဝန်ဆောင်မှု အခကြေးငွေ (100,000 ကျပ်)
မြေငှားရမ်းမှုသဘောတူညီချက်စာချုပ်လက်မှတ်နှင့် MIC ခွင့်ပြုမိန့် သက်တမ်းတိုးမြှင့်ခြင်း (ဥပဒေပုဒ်မ-၇၀၊ နည်းဥပဒေ-၁၃၇၊ ၁၇၅၊ ၁၇၇၊ ၂၀၀၊ ၂၀၀၅)
- လျှောက်ထားသည့်စာ
- ဒါရိုက်တာ ဘုတ်အဖွဲ့ ဆုံးဖြတ်ချက် သို့မဟုတ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ထောက်ခံချက်
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ပြည်တွင်း၌ခန့်ထားမည့် နိုင်ငံခြားသား နေထိုင်ခွင့် (ဥပဒေပုဒ်မ-၅၁(က)၊ နည်းဥပဒေ-၂၀၆)
- လျှောက်ထားသည့်စာ(အမည်၊ နိုင်ငံကူးလက်မှတ် နံပါတ်၊ ရာထူးနေရာ၊ ခန့်အပ်မည့် ကာလ)
- နိုင်ငံကူးလက်မှတ် မိတ္တူ
- ပုံစံ (၁၂-က) (အလုပ်လုပ်ခွင့် လျှောက်လွှာပုံစံ)
- ကုမ္ပဏီမှတာ၀န်ရှိသူ၏ ထောက်ခံစာ ( မည်သည့်စနစ်ဖြင့် ခန့်ထားမည်ကို ဖော်ပြရန်)
- သက်ဆိုင်ရာ စက်မှုဇုန်မှ ထောက်ခံစာ (လုပ်ငန်းမှာ စက်မှုဇုန်အတွင်းတွင် တည်ရှိလျှင်)
- ခန့်အပ်ထားပြီးသော ဝန်ထမ်းအရေအတွက် (နိုင်ငံသား၊ နိုင်ငံခြားသား)
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
စီးပွားရေးလုပ်ငန်း ဖျက်သိမ်းခြင်း (ဥပဒေပုဒ်မ-၆၈၊ နည်းဥပဒေ-၂၃၂)
- လျှောက်ထားသည့်စာ (ဖျက်သိမ်းရသည့် အကြောင်းအရင်း)
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- ထည့်ဝင်ပြီးမတည်ငွေရင်း
- အခွန်ကင်းရှင်းကြောင်းထောက်ခံချက်စာ
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ခွင့်ပြုမိန့်/အတည်ပြုမိန့် မိတ္တူအမှန် လျှောက်ထားခြင်း
- လျှောက်ထားသည့်စာ
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- သတင်းစာတွင် ထည့်သွင်းဖော်ပြထားသည့် ကြော်ငြ
- သက်ဆိုင်ရာ ရဲစခန်းထောက်ခံစာ
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ကုန်ကျစရိတ် 750000 ကျပ်
ခွင့်ပြုမိန့်ပြင်ဆင်ချက်။ ရင်းနှီးမြှုပ်နှံသူ (သို့) ကမကထပြုသူ၏ အမည်ပြောင်းလဲခြင်း နည်းဥပဒေ-၁၃၇,၁၇၇
- လျှောက်ထားသည့်စာ
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- ကုမ္ပဏီအချက်အလက်အကျဉ်းချုပ်
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ခွင့်ပြုမိန့်ကိုပြင်ဆင်ရန်လျှောက်ထားသည့် ဝန်ဆောင်စရိတ်နှုန်းထားမှာ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ဖြစ်သည်။
ခွင့်ပြုမိန့်ပြင်ဆင်ချက်။ လိပ်စာပြောင်းခြင်း နည်းဥပဒေ-၁၃၇,၁၇၇
- လျှောက်ထားသည့်စာ (ပြောင်းရွေ့လိုသည့်အကြောင်းရင်းခိုင်လုံစွာ တင်ပြရန်)
- မူလလုပ်ငန်းတည်နေရာ နှင့် ပြောင်းရွေ့လိုသည့် တည်နေရာဆက်စပ်မြေပုံ
- မူလလုပ်ငန်းတည်နေရာ၏ မြေငှားစာချုပ် (ချုပ်ဆိုပြီးပါက ရပ်ဆိုင်းစာချုပ် ပူးတွဲတင်ပြရန်)
- ပြောင်းရွှေ့လုပ်ငန်းတည်နေရာအတွက် မြေငှားစာချုပ် (မချုပ်ဆိုရသေးပါက မူကြမ်း)
- ပြောင်းရွှေ့လုပ်ငန်းတည်နေရာအတွက် ဂရန်အထောက်အထား
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- အခွန်ကင်းရှင်းကြောင်းထောက်ခံချက်စာ
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
- ကိုယ်စားလှယ်လွှဲစာ (အမည်၊ မှတ်ပုံတင်နံပါတ်၊ လက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်)
ခွင့်ပြုမိန့်ကိုပြင်ဆင်ရန်လျှောက်ထားသည့် ဝန်ဆောင်စရိတ်နှုန်းထားမှာ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ဖြစ်သည်။
ခွင့်ပြုမိန့်ပြင်ဆင်ချက်။ ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံသည့်ကာလ ပြောင်းလဲခြင်း ဥပဒေပုဒ်မ-၇၀၊ နည်းဥပဒေ-၁၃၇၊၁၇၅၊၁၇၇
- လျှောက်ထားသည့်စာ
- ဒါရိုက်တာ ဘုတ်အဖွဲ့ ဆုံးဖြတ်ချက် သို့မဟုတ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ထောက်ခံချက်
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ခွင့်ပြုမိန့်ကိုပြင်ဆင်ရန်လျှောက်ထားသည့် ဝန်ဆောင်စရိတ်နှုန်းထားမှာ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ဖြစ်သည်။
ခွင့်ပြုမိန့် ပြင်ဆင်ချက်။ ရင်းနှီးမြှုပ်နှံမှု အမျိုးအစားပြင်ဆင်ခြင်း နည်းဥပဒေ-၁၃၇၊၁၇၇၊၂၃၆၊၂၃၇
- လျှောက်ထားသည့်စာ
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှ နိုင်ငံခြားသားရင်းနီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲလိုလျှင် (ဖက်စပ် သို့မဟုတ် ၁၀၀%)နိုင်ငံခြားသားပိုင် ကုမ္ပဏီများနှင့် သက်ဆိုင်သည့် အချက်အလက်များ
- နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုမှ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲလိုလျှင်၊ မြန်မာကုမ္ပဏီဆိုင်ရာ အချက်အလက်များ
- အခွန်ကင်းရှင်းကြောင်းထောက်ခံချက်စာ
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ခွင့်ပြုမိန့်ကိုပြင်ဆင်ရန်လျှောက်ထားသည့် ဝန်ဆောင်စရိတ်နှုန်းထားမှာ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ဖြစ်သည်။
ခွင့်ပြုမိန့်ပြင်ဆင်ချက်။ ကုမ္ပဏီ အမည်ပြောင်းလဲခြင်း နည်းဥပဒေ-၁၃၇၊၁၇၇
- လျှောက်ထားသည့်စာ (အမည်ပြောင်းလဲရခြင်း အကြောင်းအရင်း)
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- MIC ခွင့်ပြုမိန့် မိတ္တူ
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ခွင့်ပြုမိန့်ကိုပြင်ဆင်ရန်လျှောက်ထားသည့် ဝန်ဆောင်စရိတ်နှုန်းထားမှာ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ဖြစ်သည်။
ခွင့်ပြုမိန့်ပြင်ဆင်ချက်။ လုပ်ငန်းအမျိုးအစား ပြောင်းလဲခြင်း(နည်းဥပဒေ-၁၃၇၊၁၇၇)
- လျှောက်ထားသည့်စာ
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- လုပ်ငန်းအမျိုးအစားတိုးချဲ့ခြင်းကြောင့် မတည်ငွေရင်းပမာဏတိုး/မတိုး။
- ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ပြီး စက်ပစ္စည်းများ တင်သွင်းလိုပါက တင်သွင်းမည့် စက်ပစ္စည်းစာရင်း။
- လုပ်ငန်းအမျိုးအစား ပြောင်းလဲခြင်းကြောင့် ထုတ်ကုန်ပြင်ဆင်ခြင်းရှိ/မရှိ၊ ကုန်ကြမ်း ပြင်ဆင်ခြင်း ရှိ/မရှိ၊ ဝန်ထမ်းအင်အား တိုးမြှင့်ခြင်း ရှိ/မရှိ၊ လုပ်ငန်းတည်နေရာ တိုးချဲ့ခြင်း ရှိ/မရှိ ပြည့်စုံစွာ တင်ပြရန်။
- တင်သွင်းပြီးစက်ပစ္စည်းစာရင်း Balance (ကော်မရှင်ခွင့်ပြုစာအမှတ်၊ ID အမှတ်များ ပြည့်စုံစွာ စာရင်းပြုစုပေးရန်)
- ကိုယ်စားလှယ်လွှဲစာ (အမည်၊ မှတ်ပုံတင်နံပါတ်၊ လက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ခွင့်ပြုမိန့်ကိုပြင်ဆင်ရန်လျှောက်ထားသည့် ဝန်ဆောင်စရိတ်နှုန်းထားမှာ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ဖြစ်သည်။
စာချုပ်များ ပြင်ဆင်ခြင်း (ဥပဒေပုဒ်မ-၇၀၊ နည်းဥပဒေ -၁၇၇)
- လျှောက်ထားသည့်စာ
- သက်ဆိုင်ရာဝန်ကြီးဌာနမှ တင်ပြစာ
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- ပြင်ဆင်စာချုပ် ( မူကြမ်း)
- အခွန်ကင်းရှင်းကြောင်းထောက်ခံချက်စာ
- ကိုယ်စားလှယ်လွှဲစာ (အမည်၊ မှတ်ပုံတင်နံပါတ်၊ လက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
အစီရင်ခံတင်ပြခြင်း (နည်းဥပဒေ-၁၉၆၊ ၁၉၇၊ ၁၉၈၊ ၁၉၉)
- သုံးလပတ် အစီရင်ခံစာ(ပုံစံ -၁၀) နည်းဥပဒေ ၁၉၇
- နှစ်စဉ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ (ပုံစံ ၁၁) နည်းဥပဒေ ၁၉၆