သတ္တုရိုင်း၊ ကျောက်စိမ်း၊ ဓာတ်သတ္တု၊ သစ်၊ ဝါး၊ ပယင်း၊ ရွှေ စသည့် သဘာဝ သယံဇာတများ ပေါများခြင်း
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှပ်နှံမှုများ မြှင့်တင်နိုင်ရန်နှင့် ဆွဲဆောင်နိုင်ရန်အတွက် ဖွံ့ဖြိုးရေးဇုန်များအလိုက် အခွန်ကင်းလွတ်ခွင့်/သက်သာခွင့်များကို ရရှိိနုင်ပါသည်။ ကချင်ပြည်နယ်တွင်လည်း ဖွံ့ဖြိုးရေးဇုန်များ သတ်မှတ်ပြီး ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်ကင်းလွတ်ခွင့် ရရှိမည့် ဇုန်များအဖြစ် သတ်မှတ်ထားရှိပါသည်။ ဇုန် ၁ တွင် မြို့နယ်ပေါင်း ၁၄ ခု၊ ဇုန် ၂ တွင် မြို့နယ်ပေါင်း ၄ခုတို့ ပါဝင်ပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ ဇုန် ၁ တွင် ပါဝင်သည့် မြို့နယ်များအတွက် အခွန်ကင်းလွတ်ခွင့် ၇ နှစ်နှင့် ဇုန် ၂ တွင်ပါဝင်သည့် မြို့နယ်များအတွက် အခွန်ကင်းလွတ်ခွင့် ၅ နှစ် ခံစားနိုင်ကြမည် ဖြစ်ပါသည်။
သတ္တုရိုင်း၊ ကျောက်စိမ်း၊ ဓာတ်သတ္တု၊ သစ်၊ ဝါး၊ ပယင်း၊ ရွှေ စသည့် သဘာဝ သယံဇာတများ ပေါများခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းခြင်း
မြေလွတ်၊ မြေရိုင်းများ ပေါများခြင်း
ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ရန် တောတောင်ရေမြေ သဘာဝရှုခင်းများရှိခြင်း
လုပ်သားအင်အား ပေါများခြင်း
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများရှိခြင်း